အပိုင်း (၁) မှာ ကလေးများရဲ့ အင်္ဂလိပ်ဘာသာစကားစွမ်းရည် တိုးတက်အောင် လေ့လာသင့်တဲ့ စာအုပ်လေးတွေအကြောင်းနှင့် အပိုင်း (၂) မှာ Cambridge English: Young Learners စာမေးပွဲများဖြစ်တဲ့ Starters, Movers and Flyers စာအုပ်လေးတွေကို လေ့လာလေ့ကျင့်စေပါက ကလေးများ၏ အင်္ဂလိပ်ဘာသာစကား တိုးတက်စေရန် အထောက်အကူပြုကြောင်း ဖော်ပြခဲ့ပါတယ်။ အခု အပိုင်း (၃) မှာတော့ KET (Key English Test) နှင့် PET (Preliminary English Test) အကြောင်းကို ပြောပြမှာဖြစ်ပါတယ်။
အင်္ဂလိပ်ဘာသာစကားစွမ်းရည် အဆင့်ဆင့်အတွက် နိုင်ငံတကာ အသိအမှတ်ပြုထားသည့် Common European Framework of References for Languages (CEFR) အရ KET သည် Cambridge English Basic Level Qualification တစ်ခုဖြစ်ပါတယ်။ သည် Basic Level ပြီး နောက်တစ်ဆင့်ကတော့ PET ဖြစ်ပါတယ်။
ယေဘုယျအားဖြင့် KET ကို Late Primary or Early Secondary School Students များနှင့် PET ကို Secondary School Students များက လေ့လာဖြေဆိုလေ့ရှိပါတယ်။ သည်စာမေးပွဲတွေဟာ အသက်ကန့်သတ်ချက်မရှိ လေ့လာဖြေဆိုနိုင်ပါတယ်။ ဒါကြောင့် IELTS စာအုပ်တွေ လေ့လာလေ့ကျင့်ရတာ အရမ်းခက်ခဲနေတဲ့သူများအနေဖြင့် KET နှင့် PET စာအုပ်များကို လေ့လာလေ့ကျင့်ဖို့ တိုက်တွန်းလိုပါတယ်။
အင်္ဂလိပ်ဘာသာစကား စာသင်နှစ် (၁၂) နှစ်ကျော် အတွေ့အကြုံအရ သည် KET နှင့် PET စာများကို လေ့လာလေ့ကျင့်ထားတဲ့ ကလေးတွေအတွက် Secondary School (သို့မဟုတ်) High School အပြီးတွင် IELTS လေ့လာဖြေဆိုရာမှာ များစွာလွယ်ကူသွားပါတယ်။ CEFR အရ သတ်မှတ်ထားသည့် ဘာသာစကားစွမ်းရည် အဆင့်ဆင့်အတွက် ကျင်းပသော စာမေးပွဲစာများကို လေ့လာ လေ့ကျင့်ခြင်းဖြင့် ကလေးများ၏ ဘာသာစကားစွမ်းရည် စနစ်တကျတိုးတက်စေမှာဖြစ်ပါတယ်။
http://
အခြား Cambridge English Exams အကြောင်းတွေကို အောက်ပါ Link မှာ လေ့လာဖတ်ရှုပါ။
https://www.examenglish.com/cambridge_esol.php
KET နှင့် PET အတွက် လေ့လာလေ့ကျင့်သင့်တဲ့ စာအုပ်များကို ပုံနှင့်တကွ အောက်မှာ ဖော်ပြထားပါတယ်။ British Council မှ ကျင်းပသော Cambridge English Language Assessment စာမေးပွဲကို ဖြေဆိုလိုသူများအတွက် အသေးစိတ်ကို အောက်ပါ Link မှာ လေ့လာစုံစမ်းပါ။
http://www.britishcouncil.org.mm/…/ca…/dates-costs-locations
B.S.I Learning Academy မှ Starters, Movers, Flyers, KET နှင့် PET ကျောင်းသူ၊ ကျောင်းသားများ၏ Speaking Practice Videos များကို အောက်ပါ link မှာ ကြည့်ရှုလေ့လာနိုင်ပါတယ်။
https://www.facebook.com/BSI.LearningAcademy/videos/
ငယ်စဉ်အခါမှစ၍ ကလေးများကို အင်္ဂလိပ်ဘာသာစကားကို စနစ်တကျလေ့လာစေခြင်းဖြင့် ကျောင်းသင်ခန်းစာများကို အထောက်အကူပြုရုံမျှမက နိုင်ငံတစ်ကာနှင့် ရင်ဘောင်တန်း၍ အောင်မြင်မှုများဆွတ်ခူးရာမှာ များစွာအထောက်အကူပြုမှာ ဖြစ်ပါတယ်။
ဒါကြောင့် မိဘများအနေဖြင့် မိမိတို့ရဲ့ ရင်သွေးငယ်များ၏ အနာဂတ်တောက်ပရေးအတွက် အင်္ဂလိပ်ဘာသာစကားကို စနစ်တကျလေ့လာသင်ယူစေရန် တိုက်တွန်းလိုက်ရပါတယ်။
Best wishes,
Hla Win May Oo @ Wendy
B.S.I Learning Academy
E-2/5၊ ဓမ္မဒါနလမ်း၊ နတ်ချောင်းရပ်၊
တာမွေမြို့နယ်၊ ရန်ကုန်မြို့။
Cambridge English Classes at BSI
Pre-Starters — Age 5
Starters — Age 6 to 7
Movers — Age 8 to 9
Flyers — Age 9 to 10
KET — Age 11 to 12
PET — Age 13 to 14
FCE — Age 14 to 15
IELTS/ CAE/ CPE — Age 16 and above
….
Pre-starters, Starters, Movers, Flyers — 3:00 to 5:00 pm (Sat & Sun)
….
KET, PET, FCE — 10:00 to 12:00 pm (Sat & Sun)
….
IELTS Class — 1:00 to 3:00 pm (Sat & Sun)
http://bsieducation.com/…/achieve-your-success-through-iel…/
….
Private Group/ One-to-one Tutoring — the time of your convenience
http://bsieducation.com/…/individual-private-coaching-for-…/
….
We make sure each learner progresses at his or her own pace in a friendly and encouraging environment.
No. E-2/5, Dhamma Darna Street, Nat Chaung Ward, Tamwe, Yangon.
09 254 278 273 (or) 09 504 3135
info@bsieducation.com
.
ကလေးများအတွက် အင်္ဂလိပ်ဘာသာစကား အပိုင်း (၁)
https://www.facebook.com/BSI.LearningAcademy/posts/1664911010274423
.
ကလေးများအတွက် အင်္ဂလိပ်ဘာသာစကား အပိုင်း (၂)
https://www.facebook.com/hla.winmayoo/posts/10216529871147431
.