အမေး၊ အဖြေ (၂)

English Writing တိုးတက်အောင် Internet ကနေ ဘာတွေ လေ့လာသင့်လည်းလို့ မေးထားတဲ့သူတွေအတွက် ကျွန်မ ဖတ်လေ့ရှိတဲ့ website တွေထဲက (၁၁) ခု ကို ဖော်ပြလိုက်ပါတယ်။

https://www.edutopia.org/

https://hbr.org/

https://www.bbc.com/

https://www.entrepreneur.com/

https://edition.cnn.com/business

https://www.forbes.com

https://www.rd.com/

https://www.medium.com

https://www.economist.com/

https://www.inc.com/

ကျွန်မကတော့ နေ့တိုင်းလိုလို ကိုယ့်ကို ခိုက်လောက်တဲ့ ဆောင်းပါး တစ်ခု မဖတ်ရ မချင်း ဟို website ထွက်၊ ဒီ website ဝင်နဲ့ လိုက်ဖတ်လေ့ရှိပါတယ်။

ဆောင်းပါးတစ်ပုဒ်ကို ဖတ်တဲ့အခါ အောက်ပါ (၃) ချက်ကို မြင်အောင်ဖတ်ပြီး ရအောင်ယူပါတယ်။

💦

(၁) အကြောင်းအရာ (content)

ဖတ်ပြီး General Knowledge အတွက် မှတ်သားသင့်တာတွေ၊ အတိအကျ notes ထုတ်သင့်တာတွေ ထုတ်နှုတ်ရေးမှတ်ထားပါ။

ဥပမာ – အောက်ပါ လင့်ခ်က ဆောင်းပါးလေးကို ဖတ်ပြီး ကျွန်မ မှတ်မိချင်တဲ့ အချက်လေးတွေကို အောက်ပါအတိုင်း ထုတ်နှုတ်မှတ်သားလိုက်ပါတယ်။

https://www.google.com.mm/…/medium.com/amp/p/cc3d1bddb3af

According to the National Science Foundation, an average person has about 12,000 to 60,000 thoughts per day. Of those, 80% are negative and 95% are repetitive thoughts. Cognitive Behavioral Therapists have a term for it — ANTs (Automatic Negative Thoughts).

Exercise to try:

Write down all your negatives thoughts.

For every negative thought, write at least one positive thought.

*** Whenever you think of a negative thought, counter it with a positive one. ***

Worth-noting Quotes:

“A man is but the product of his thoughts. What he thinks, he becomes.” — Mahatma Gandhi

“Watch your thoughts; they become words. Watch your words; they become actions. Watch your actions; they become habit. Watch your habits; they become character. Watch your character; it becomes your destiny.” — Lao Tzu

💦

စာဖတ်ပြီး ဒီလို note ထုတ်တဲ့အကျင့်ကို အထက်တန်းအောင်ပြီးကတည်းက စလုပ်ဖြစ်ခဲ့ပါတယ်။ အရင်ကတော့ notebook ထဲမှာပဲ ချရေးဖြစ်ခဲ့တယ်။ ချရေးတာ အချိန်ကုန်တယ်လို့ ထင်လာတဲ့အခါ ကွန်ပျူတာမှာ နှစ်အလိုက် file တစ်ခုစီထားပြီး စာရိုက်ထားဖြစ်တယ်။ မရေးဖြစ်ပဲ extensive reading or reading for pleasure အနေနဲ့ပဲ ဖတ်ဖြစ်တဲ့အခါလည်း ရှိပါတယ်။

စာဖတ်ပြီး သိလာတဲ့အသိကို လက်တွေ့အသုံးချကြည့်ခြင်းကလည်း မိမိတို့ဘဝ တိုးတက်အောင်၊ ဘဝကို ရွှင်လန်းချမ်းမြေ့စွာ ဖြတ်သန်းတတ်အောင်၊ ဘဝအခက်အခဲတွေ ဖြေရှင်းရာမှာ နည်းလမ်းရအောင်၊ ကိုယ့်စိတ်ကို ငြိမ်းချမ်းစွာ ထားတတ်အောင် စသဖြင့် အထောက်အကူပြုပါတယ်။ ဒါပေမယ့် “To know and not to do is not yet to know.” ဆိုတဲ့အတိုင်း သိပြီး မလုပ်ရင် မသိသေးတဲ့သူလိုပါပဲ။ အသိနောက်က အကျင့်လိုက်ဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ကျင့်ပေးရတယ်လို့ပြောရင် မှားမည်မထင်။

💦

(၂) စာပုဒ်၊ စာပိုဒ်၊ ဝါကျ ဖွဲ့စည်းပုံ အရေးအသား (structure)

အင်္ဂလိပ်စာလေ့လာနေသူတွေအနေနဲ့ မိမိတို့ ဖတ်လိုက်တဲ့စာမှာ ဘာသာစကားစွမ်းရည် တိုးတက်အောင် မှတ်သားသင့်တာလေးတွေကို မြင်အောင်ကြည့်ပြီး လေ့လာသင့်၊ လေ့ကျင့်ရေးသား ပြောဆိုသင့်ပါတယ်။

ဥပမာ အောက်ပါ လင့်ခ်က ဆောင်းပါးလေးကို ဖတ်ပြီး လေ့လာသင့်တဲ့ ဝါကျတည်ဆောက်ပုံတွေထဲက တစ်ခုကို ထုတ်ပြပါမယ်။ အဲလို မြင်အောင်ကြည့်ပြီး ထုတ်နှုတ်လေ့လာပါ။

https://www.google.com.mm/…/1967/01/the-effective-decision

Only when the total workload of the group over several months is analyzed does the generic problem appear.

(“only when”… inversion ကို လေ့လာနိုင်ပါတယ်။ Only when…. does…. appear.)

Inversion နဲ့ ပတ်သက်လို့ အသေးစိတ် ဆက်လက် လေ့လာလိုသူများ အောက်ပါလင့်ခ်မှာ လေ့လာပါ။

https://www.perfect-english-grammar.com/inversion.html

💦

(၃) စကားလုံး အသုံးအနှုန်း (usage/ choice of words)

https://medium.com/…/decisiveness-and-success-997aa2f4327

​အထက်ဖော်ပြပါ လင့်ခ်မှ indecisiveness ဆိုတဲ့ စကားလုံးကို နောက်ထပ် ဘယ်လို ဖော်ပြထားလည်းဆိုတာ လေ့လာပြီး ချရေးကြည့်ပါ။

indecisiveness:

💥 not able to make sound decisions in the appropriate time

💥 dread making decisions

💥 phobia for making decisions

💥 running away from making decisions

💥 postpone making decisions

ဒါလေးက စကားလုံးလေးတစ်လုံးကို ထုတ်နှုတ်ပြခြင်းသာ။ New vocabulary တွေ ထုတ်ပြီး၊ အဓိပ္ပာယ်ကို ရှေ့စာကြောင်း၊ နောက်စာကြောင်းဖတ်ပြီး ခန့်မှန်းကြည့်တာတို့၊ dictionary ကြည့်ပြီး ကိုယ်ဖတ်နေတဲ့စာ context အရ သူ့အဓိပ္ပာယ်ကို နားလည်းအောင် ခံစားကြည့်တာတို့၊ လုံးဝနားလည်သွားတဲ့အခါ ထိုစကားလုံးကို သုံးပြီး ဝါကျဖွဲ့ကြည့်တာတို့ စသဖြင့် စသဖြင့် စိတ်ဝင်တစား၊ စိတ်ရှည်ရှည်ထားပြီး လေ့လာတတ်ရင် Writing Skill တိုးတက်လာတာ ကိုယ်တွေ့ဖြစ်ကြောင်းပါ။

💦

ကျွန်မ writing individual coaching လုပ်ပေးရင်လည်း သင်ယူသူရဲ့ လိုအပ်ချက်၊ စိတ်ဝင်စားမှုနယ်ပယ် ပေါ်မူတည်ပြီး reading text တွေဖတ်ဖို့ ရွေးပေးပြီး လေ့လာလေ့ကျင့်ဖြစ်အောင် လုပ်ပေးပါတယ်။ ကျွန်မတို့ ငယ်ငယ်တုန်းကဆိုရင် Internet connection တွေ မရသေးတော့ library မှာသွားပြီး စာဖတ်လေ့ရှိခဲ့ပါတယ်။ library မှာ မဖတ်ချင်တဲ့အခါ စာအုပ်တွေ ငှားလာဖြစ်တယ်။ တစ်လကို အနည်းဆုံး (၄) အုပ် ကနေ (၈) အုပ်အထိ ဖတ်ဖြစ်ခဲ့ပါတယ်။ စာဖတ်ရင် အထက်ပါ ဖော်ပြခဲ့သလိုစိတ်ရှည်လက်ရှည် မှတ်သားလေ့ရှိကြောင်း မျှဝေလိုက်တာပါ။

ဒါကြောင့်လည်း ရန်ကုန်ပညာရေးတက္ကသိုလ်တက်စဉ်က တက္ကသိုလ်ပေါင်းစုံ English Composition ပြိုင်ပွဲမှာ မြန်မာတစ်နိုင်ငံလုံးအဆင့် ဒုတိယဆု ရရှိခဲ့ဖူးပါတယ်။ ဒါ့အပြင် အကြောင်းအရာအစုံဖတ်ခဲ့ဖူးတော့ University of Amsterdam အဖွဲ့နဲ့ Research Consortium on Education and Peacebuilding မှာ research associate လုပ်စဉ်က accent အမျိုးမျိုးနဲ့ ပြောထားတဲ့ interview တွေ၊ focus group discussion တွေကို သူတို့ပြောလိုက်တဲ့ စကားလုံးအတိုင်း အားလုံးအတိအကျ transcript တွေရေးရတဲ့အခါ အများကြီး အထောက်အကူပြုခဲ့ပါတယ်။

ဒီလိုနဲ့ ထို research dissemination ကိုလည်း အင်္ဂလန်နိုင်ငံ၊ အောက်စ်ဖို့ဒ်တက္ကသိုလ်မှာ ကျင်းပတဲ့ UKFEIT Conference မှာ တက်ရောက်ပါဝင်၊ တင်ပြခွင့်ရခဲ့ပါတယ်။

.

Photo – memory in Oxford, the UK, in 2015

မှတ်မှတ်ရရ အဲဒီ သုတေသီလုပ်စဉ်က ရရှိခဲ့တဲ့ တစ်နှစ်ခွဲ လုပ်အားခ အားလုံးကို သဲဖြူတောရ ဓမ္မရိပ်သာမှာ လိုအပ်နေခဲ့တဲ့ အိမ်သာတွေ ဆောက်လုပ်ဖို့ လှူဒါန်းခဲ့ပါတယ်။ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်းလုပ်ပြီးမှ ရခဲ့တဲ့ လုပ်အားခတွေကို မသုံးရက်လို့ အကုန်လှူလိုက်တာပါ။

(ငယ်ရွယ်စဉ်အခါ ABC မှစ၍ ယခု ပါရဂူဘွဲ့တက်ချိန်အထိ ဘဝတစ်လျှောက် သင်ကြားပေးခဲ့သော မိဘ၊ ဆရာသမား (သင်ဆရာ၊ မြင်ဆရာ) များ၏ ကျေးဇူး၊ စာအုပ်၊ စာပေများကို ရေးသားပေးခဲ့သော ဆရာသမားများ၏ ကျေးဇူးကို အောက်မေ့ကာ ရိုသေလေးမြတ်စွာ ဦးခိုက်လျက်..။ 🙏🏻)

💦

အောက်ပါ website မှာတော့ English Writing Skill တိုးတက်အောင် အထောက်အကူပေးနိုင်တဲ့ website (၁၁)ခု ကို ဖော်ပြထားပါတယ်။ လေ့လာလေ့ကျင့်လိုသူများအတွက် မျှဝေလိုက်ပါတယ်။

https://www.shoutmeloud.com/best-websites-improve-english…

.

မိမိစိတ်ဝင်စားရာ အကြောင်းအရာနဲ့ ပတ်သက်လို့ Google Scholar ကနေ academic paper တွေရှာဖွေ ဖတ်ရှုခြင်းကလည်း Academic Writing Skill ကို တိုးတက်စေပါတယ်။

https://scholar.google.com/

💦

အောက်ပါ quote လေးကလည်း စာကောင်းကောင်းရေးတတ်ချင်တဲ့ ကျွန်မကို စာဖတ်ဖြစ်အောင် တွန်းအားပေးပါတယ်။

“Read a thousand books, and your words will flow like a river.” ― Lisa See

.

စာများများဖတ်ခြင်းက စာကောင်းကောင်းရေးတတ်အောင် အထောက်အကူပြုမှာပါ။ လေ့လာ အသုံးချတတ်ခြင်းက ဘဝမှာ အောင်မြင်ဖို့ အထောက်အပံ့ပါ။

လေ့လာသင်ယူခြင်းဖြင့် မိမိတို့ရဲ့ ဘဝ လှပအောင် စွမ်းဆောင်နိုင်ကြပါစေ။

မေတ္တာများစွာဖြင့်

#လှဝင်းမေဦး

၉-၅-၂၀၂၀

www.bsieducation.com

IELTS online classes organized by me

.

Individual coaching and consultation available!

https://www.facebook.com/BSI.LearningAcademy/

#Wendy_the_Coach

.

Leave a Reply

Your email address will not be published. Required fields are marked *