အမေး၊ အဖြေ (၃)

“တီချယ် သမီး Google မှာ ရှာကြည့်တာ.. အင်္ဂလိပ်စကားလုံးပေါင်း (၂) သောင်း သိမှ အင်္ဂလိပ်စာ၊ ဘာသာစကားကို ကောင်းကောင်းနားလည်ပြီး ပြောတတ်မှာလို့ တွေ့တယ်။ ဒါဆို သမီး ဘယ်စာအုပ်က စကားလုံးတွေကို တစ်နေ့ ဘယ်လောက် ကျက်ရမလဲ တီချယ်။” ဒီမေးခွန်းကို မေးလာသူကတော့ ၂၀၀၆ ခုနှစ်၊ မေလမှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ကျွန်မရဲ့ BSI Learning Academy အင်္ဂလိပ်စာ၊ ဘာသာစကားသင် သင်တန်းကျောင်းလေး စဖွင့်စဉ်က General English အတန်းကို တက်ရောက်ခဲ့ဖူးတဲ့ “ဟေမာနှင်း” ဖြစ်ပါတယ်။ ထိုစဉ်အခါကတော့ သူမက တက္ကသိုလ်ဝင်တန်းဖြေဆိုထားတဲ့ ကျောင်းသူလေးတစ်ယောက်ပေါ့။ အခုတော့ ချစ်စရာကောင်းတဲ့ ကလေး (၂)…