IELTS လေ့လာဖြေဆိုမယ်ဆိုရင် အပိုင်း (၁)

IELTS (International English Language Testing System) ဟာ အင်္ဂလိပ်စာကျွမ်းကျင်တတ်မြောက်မှုကို စစ်ဆေးတဲ့ စာမေးပွဲတစ်ခု ဖြစ်ပါတယ်။ နိုင်ငံရပ်ခြားမှာ ကျောင်းသွားတက်မယ့်သူများနဲ့ သွားရောက်အခြေချနေထိုင်သူများ ဖြေဆိုလေ့ရှိကြတဲ့ စာမေးပွဲတစ်ခုလည်း ဖြစ်ပါတယ်။ IELTS ကို သြစတြေးလျ၊ အင်္ဂလန်၊ ကနေဒါ၊ နယူးဇီလန်နဲ့ အမေရိကန်နိုင်ငံက တက္ကသိုလ်တွေက ဝင်ခွင့်စာမေးပွဲတစ်ခုအနေနဲ့လည်း အသုံးပြုပါတယ်။ အင်္ဂလန်နိုင်ငံကို ဗီဇာလျှောက်မယ်ဆိုရင်တော့ IELTS ကို ဖြေဆိုဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်။

စာမေးပွဲဖြေဆိုရာမှာ အောင်မှတ်ရယ်လို့ သီးသီးသန့်သန့် မရှိပါဘူး။ အမှတ်တွေကို ပေးတဲ့အခါမှာ Band 1 ကနေ Band 9 အကြားပေးပါတယ်။ စာမေးပွဲလာမဖြေသူများကိုတော့ Band 0 ပေးပါတယ်။ စာမေးပွဲရမှတ်များဟာ ၂ နှစ်အတွင်းမှာပဲ အကျုံးဝင်ပါတယ်။ အကယ်၍ စာဖြေသူဖက်က သူ့ရဲ့ အင်္ဂလိပ်စာ ကျွမ်းကျင်မှု ကျဆင်းသွားခြင်း မရှိပါဘူးဆိုတာကို တစ်နည်းနည်းနဲ့ ပြသနိုင်တယ်ဆိုရင်တော့ ၂ နှစ်ကျော်လွန်သွားတဲ့ IELTS Score ကို လက်ခံပေးပါတယ်။

IELTS ကို ၂၀၁၂ တုန်းက ၂ သန်းကျော်၊ ၂၀၁၁ မှာ ၁.၇ သန်း၊ ၂၀၀၉ မှာ ၁.၄ သန်း စသည်ဖြင့်ဖြေဆိုခဲ့ကြပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ IELTS ကို ဖြေဆိုကြသူ ၃ သန်းကျော်ရှိပြီး နိုင်ငံပေါင်း ၁၄၀ က ဖြေဆိုကြတာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ တစ်နှစ်တည်းနဲ့ ဖြေဆိုသူ ၁ သန်းရှိခဲ့တာမို့ ကမ္ဘာမှာ အထင်ပေါ်ဆုံး အင်္ဂလိပ်စာအရည်အချင်းစစ် စာမေးပွဲအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

IELTS စာမေးပွဲ မေးခွန်းလွှာမှာ အပိုင်းလေးပိုင်း ပါရှိပါတယ်။ အဲဒါတွေကတော့ Listening, Reading, Writing and Speaking တို့ပဲ ဖြစ်ပါတယ်။ IELTS Module နှစ်မျိုးရှိပါတယ်။ Academic (ပညာရေးပိုင်းဆိုင်ရာ အရည်အချင်းစစ်စာမေးပွဲ) နဲ့ General Training (ယေဘုယျကျွမ်းကျင်မှု အရည်အချင်းစစ် စာမေးပွဲ) တို့ပဲ ဖြစ်ပါတယ်။

Speaking နဲ့ Listening ဟာ Modules နှစ်ခုလုံးမှာ အတူတူပဲ ဖြစ်ပါတယ်။ Reading နဲ့ Writing မှာတော့ ကွာခြားသွားပါတယ်။ နိုင်ငံရပ်ခြားမှာ ကျောင်းသွားတက်မည့်သူများ၊ ပရိုဖက်ရှင်နယ် လိုင်စင်စာမေးပွဲဖြေဆိုမည့်သူများ (ဥပမာ ဆရာဝန်၊ သူနာပြု၊ အင်ဂျင်နီယာ စသည်ဖြင့်)၊ မဟာတန်း (သို့) ပါရဂူတန်း တက်ရောက်မည့်သူများအနေနဲ့ Academic Module ကို ဖြေဆိုသင့်ပါတယ်။ နိုင်ငံရပ်ခြားမှာ အကြောင်းအမျိုးမျိုးကြောင့် သွားရောက်အခြေချ နေထိုင်မည့်သူများ၊ တက္ကသိုလ်အဆင့် မဟုတ်တဲ့ အခြေခံပညာအဆင့်မှာ ပညာသင်ယူမည့်သူများ အနေနဲ့ကတော့ General Training Module ကို ဖြေဆိုနိုင်ပါတယ်။

IELTS စာမေးပွဲသည် မိမိ၏ အင်္ဂလိပ်စာ၊ စကားကျွမ်းကျင်မှုကို စစ်ဆေးသည့်စာမေးပွဲဖြစ်သောကြောင့် အချို့သောစာမေးပွဲများကဲ့သို့ နှုတ်တိုက်စာကျက်ဖြေ၍မရပါ။ အင်္ဂလိပ်စာ၊ စကားနှင့် အထိအတွေ့များပြီး စနစ်တကျလေ့ကျင့်တတ်ပါမှ Band Score ကောင်းကောင်းရဖို့ သေချာမှာဖြစ်ပါတယ်။

 

IELTS ကို မိမိကိုယ်တိုင်လေ့လာလိုများအတွက် လေ့လာသင့်သည့် စာအုပ်များကိုလည်း ပုံနှင့်တကွဖော်ပြပေးလိုက်ပါတယ်။

 

မိမိ၏ အင်္ဂလိပ်စာအရည်အသွေး အဆင့်သည် Upper-intermediate/ Intermediate Level လောက်ရှိပါက ဒီ Collins စာအုပ်လေးတွေစလေ့လာပါ။

 

မိမိ၏ အင်္ဂလိပ်စာအရည်အသွေး အဆင့်ပေါ်မူတည်၍ ဒီစာအုပ်များကို ရွေးချယ်လေ့လာပါ။

6.0 – 7.5 စာအုပ်များသည် မိမိအတွက် ခက်ခဲနေသေးပါက 4.5 – 6.0 စာအုပ်များဖြင့် စတင်လေ့လာပါ။ 

 

မိမိ၏ အင်္ဂလိပ်စာအရည်အသွေး အဆင့်သည် Intermediate Level လောက်ရှိပါက ဒီစာအုပ်လေးတွေစလေ့လာပါ။ 

 

မိမိ၏ အင်္ဂလိပ်စာအရည်အသွေး အဆင့်သည် Lower Intermediate Level လောက်ရှိပါက ဒီစာအုပ်လေးတွေစလေ့လာပါ။

 

ဒီစာအုပ် (၁၀)အုပ်သည် IELTS test papers များကို စုစည်းထားသောစာအုပ်များဖြစ်ပါတယ်။ စနစ်တကျအထပ်ထပ်လေ့ကျင့်ခြင်းဖြင့် မိမိတို့မျှော်မှန်းသော Band Score များရနိုင်ကြပါစေ။

 

Best Wishes,

Hla Win May Oo @ Wendy

B.S.I Learning Academy

အမှတ် E-2/5၊ ဓမ္မဒါနလမ်း၊ နတ်ချောင်းရပ်၊
တာမွေမြို့နယ်၊ ရန်ကုန်မြို့။

09 254 278 273, 09 504 3135

info@bsieducation.com
www.bsieducation.com

One Comment:

  1. Thanks❤❤

Leave a Reply

Your email address will not be published. Required fields are marked *