အခုတလော နယ်မြို့တွေမှာ နေထိုင်တဲ့ သူငယ်ချင်းအချို့က ကျွန်မဆီကို ဖုန်းဆက်ပြီး သူတို့ရဲ့ ကလေးတွေကို အင်္ဂလိပ်ဘာသာစကားစွမ်းရည် တိုးတက်အောင် နွေရာသီကျောင်းပိတ်ရက်မှာ ဘာစာအုပ်လေးတွေ သင်ပေးသင့်သလဲလို့ မေးမေးကြသောကြောင့် ဒီစာလေးကို ရေးဖြစ်ပါတယ်။ အခြားသိလိုသူများကိုလည်း မျှဝေလိုသောကြောင့်ပါ။
အသက် (၅)နှစ်မှ (၁၂)နှစ်အရွယ် ကလေးများကို သူတို့နှင့်ကိုက်ညီမည့် အဆင့် (English Language Skill Level) မှစ၍ အောက်ဖော်ပြပါ စာအုပ်များကို အဆင့်ဆင့် စနစ်တကျသင်ကြားပေးခြင်း၊ လေ့လာစေခြင်းဖြင့် English Language Skills များတိုးတက်အောင်လုပ်ပေးနိုင်ပါတယ်။
the University of Oxford ကထုတ်ဝေတဲ့
Let’s Go Series မှာ
Let’s Go (Let’s Begin)
Let’s Go (1)
Let’s Go (2)
Let’s Go (3)
Let’s Go (4)
Let’s Go (5)
Let’s Go (6) ဆိုပြီး
Level (၇)ခုအတွက် Student Book (၇)အုပ်နဲ့ Workbook (၇)အုပ် ရှိပါတယ်။ နားထောင်ဖို့ Audio CDs များလည်းပါ ပါတယ်။
Grammar လေ့ကျင့်ခန်းတွေအတွက်
Singapore Success Publication ကထုတ်ဝေတဲ့
Grammar Primary (1)
Grammar Primary (2)
Grammar Primary (3)
Grammar Primary (4)
Grammar Primary (5)
Grammar Primary (6)
စတာတွေ လေ့လာလေ့ကျင့်စေဖို့ တိုက်တွန်းလိုပါတယ်။
Vocabulary လေ့ကျင့်ခန်းတွေအတွက်
Singapore Success Publication ကထုတ်ဝေတဲ့
Vocabulary Primary (1)
Vocabulary Primary (2)
Vocabulary Primary (3)
Vocabulary Primary (4)
Vocabulary Primary (5)
Vocabulary Primary (6)
စတာတွေ လေ့လာလေ့ကျင့်စေဖို့ တိုက်တွန်းလိုပါတယ်။
(အထက်ဖော်ပြပါ စာအုပ်များကို အာရုဏ်သစ်စာပေ၊ အင်းဝစာအုပ်တိုက်၊ စာပေလောက စတဲ့ စာအုပ်ဆိုင်များမှာ Audio CDs များနဲ့တကွ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်။)
(အခြားသော English Course Series များကိုလည်း မိမိအဆင်ပြေသလို လေ့လာလေ့ကျင့်စေနိုင်ပါတယ်။)
ကျွန်မ၏ စာသင်နှစ် (၁၂)နှစ် အတွေ့အကြုံအရ အထက်ဖော်ပြပါစာအုပ်များကို လေ့လာလေ့ကျင့်ထားတဲ့ ကျောင်းသူ၊ ကျောင်းသားများအတွက် Cambridge Young Learners’ Exam များဖြစ်တဲ့ Starters, Movers, Flyers, KET, PET အစရှိသော နိုင်ငံတကာအဆင့်မီ အင်္ဂဘာသာစကားစွမ်းရည် စာမေးပွဲများ ဝင်ရောက်ဖြေဆိုဖို့ ပြင်ဆင်ရာမှာဖြစ်စေ၊ နောင်အရွယ်ရောက်သည့်အခါ IELTS ဖြေဆိုဖို့ ပြင်ဆင်ရာမှာဖြစ်စေ၊ အခြား English Skills တွေကိုစစ်တဲ့ စာမေးပွဲတွေ ဖြေဆိုဖို့ပြင်ဆင်ရာမှာ ဖြစ်စေ အများကြီး အထောက်အကူပြုပါတယ်။
အင်္ဂလိပ်လိုရေးထားသည့် ပုံပြင်၊ ကာတွန်းရုပ်ပြ၊
မဂ္ဂဇင်း၊ ဂျာနယ် စတာတွေ ဖတ်ရှုစေခြင်းဖြင့်လည်းကောင်း၊ English Cartoons များ၊ English Movies များကြည့်စေခြင်း၊ English Songs များ နားထောင်စေခြင်းဖြင့်လည်းကောင်း မိမိတို့၏ ကလေးများရဲ့English Language Receptive Skills များ တစ်နေ့တစ်ခြား တိုးတက်အောင်လုပ်ပေးနိုင်ပါတယ်။
Receptive Skills တွေဖြစ်တဲ့ Listening နဲ့ Reading ကို နေ့စဉ်နီးပါး ထိတွေ့မှုရှိအောင် ကြားနာ၊ ဖတ်မှတ်နေစေသင့်ပါတယ်။ Receptive Skills ရှိမှာသာ Productive Skills တွေဖြစ်တဲ့ Speaking နဲ့ Writing ကို တိုးတက်အောင် စွမ်းဆောင်ရာမှာ လွယ်ကူမှာ ဖြစ်ပါတယ်။
ကျွန်မ ငယ်စဉ်အခါက ကျွန်မရဲ့ဖေဖေက နွေရာသီကျောင်းပိတ်ရက်များမှာ လာမည့်စာသင်နှစ်အတွက် ကြိုတင်ပြီး ကျောင်းပြဌာန်းစာအုပ်များကို သင်သည့် ကျူရှင်များကို မတက်စေပါဘူး။ ပြီးခဲ့တဲ့နှစ်က သင်ခဲ့တဲ့ ပြဌာန်းစာအုပ်များထဲက စာများကိုသာ စာကြေ၊ မကြေ ပြန်မေးတတ်ပါတယ်။ ဥပမာ ကျွန်မ မှတ်မိသလောက် ပြောရရင် ကျွန်မ (၄)တန်းဖြေပြီးနှစ်က ဖြစ်မယ်ထင်ပါတယ်။ နွေရာသီမှာ သူငယ်ချင်းတွေက (၅)တန်းစာအတွက် ကျူရှင်တက်ကြတယ်။ ကျွန်မကတော့ အိမ်မှာ (၄)တန်း၊ (၃)တန်း စာအုပ်တွေပြန်ဖတ်ရတယ်။ သူ မေးတာမဖြေနိုင်တဲ့ တစ်ရက်မှာ ကျွန်မ ဖေဖေက မေမေကို ပြောပါတယ်။ ကျွန်မကို ကျောင်းဖွင့်ရင် (၄)တန်းပဲ ပြန်တက်စေမယ်တဲ့။ စာမကြေသေးလို့တဲ့။ စာမေးပွဲအောင်စာရင်းတွေထွက်တော့ ကျွန်မက ဒုတိယရပါတယ်။ မေမေက ဖေဖေကို ပြောလိုက်တယ်။ ဆရာမကိုသွားပြီး သမီးကို (၄)တန်းပြန်တက်စေရအောင် စာမေးပွဲအကျလုပ်ခိုင်းရင် သူ့နောက်က ကျောင်းသူ၊ ကျောင်းသားတွေ အကုန်ကျကုန်တော့မှာပေါ့လို့ ပြောယူရတယ်။
အဲဒီလို ပြီးခဲ့တဲ့ အတန်းက သင်ခဲ့တာတွေ ကြေညက်အောင် လေ့လာစေပြီး ကျောင်းသင်ခန်းစာအပြင် ဖတ်၊မှတ်စရာ စာအုပ်တွေကြားမှာ ကျွန်မကို ကြီးပြင်းစေခဲ့တဲ့ ကွယ်လွန်သူ မိဘများကို ဤစာရေးရင်းဖြင့် ဦးခိုက်ပါသည်။
ဒါကြောင့် မိဘများအနေဖြင့် မိမိတို့၏ ရင်သွေးငယ်များကို ကျောင်းသင်ပြဌာန်းစာအုပ်များကို ကြေညက်အောင် သင်ယူစေခြင်း၊ အခြားဖြည့်စွက် စာအုပ်များကို လေ့လာစေခြင်းဖြင့် ကလေးများ၏ အင်္ဂလိပ်ဘာသာစကား စွမ်းရည်တိုးတက်အောင် ထောက်ပံ့ကူညီပေးဖို့ တိုက်တွန်းလိုက်ရပါတယ်။
Best wishes,
Hla Win May Oo @ Wendy
B.S.I Learning Academy
E-2/5၊ ဓမ္မဒါနလမ်း၊ နတ်ချောင်းရပ်၊
တာမွေမြို့နယ်၊ ရန်ကုန်မြို့။
09 25 4278 273, 09 504 3135
info@bsieducation.com
www.bsieducation.com
Cambridge English Classes at BSI
Pre-Starters — Age 5
Starters — Age 6 to 7
Movers — Age 8 to 9
Flyers — Age 9 to 10
KET — Age 11 to 12
PET — Age 13 to 14
FCE — Age 14 to 15
IELTS/ CAE/ CPE — Age 16 and above
….
Pre-starters, Starters, Movers, Flyers — 3:00 to 5:00 pm (Sat & Sun)
….
KET, PET, FCE — 10:00 to 12:00 pm (Sat & Sun)
….
IELTS Class — 1:00 to 3:00 pm (Sat & Sun)
http://bsieducation.com/…/achieve-your-success-through-iel…/
….
Private Group/ One-to-one Tutoring — the time of your convenience
http://bsieducation.com/…/individual-private-coaching-for-…/
….
We make sure each learner progresses at his or her own pace in a friendly and encouraging environment.
No. E-2/5, Dhamma Darna Street, Nat Chaung Ward, Tamwe, Yangon.
09 254 278 273 (or) 09 504 3135