အပိုင်း (၁)မှာ IELTS အကြောင်းအကျဉ်းနဲ့ လေ့လာလေ့ကျင့်သင့်တဲ့ စာအုပ်လေးတွေဖော်ပြပြီး၊ အပိုင်း(၂)မှာတော့ IELTS ဖြေဆိုနိုင်ဖို့ ဘယ်လောက်ကြာ လေ့လာရမလဲ ဆိုတာနဲ့ ပတ်သက်လို့ ဝေမျှပြီးနောက် အခုအပိုင်း(၃)မှာတော့ IELTS test ဖြေဖို့ IELTS Test Registration ဘယ်လိုလုပ်ရမလဲ၊ Last-minute Preparation Free Access တွေဘယ်လိုယူသင့်သလဲဆိုတာနဲ့ Test Dates တွေ၊ Result Releasing Dates တွေအကြောင်းပြောပြပါမယ်။
IELTS test dates နဲ့ registration fees တွေကို သိချင်ရင် အောက်ပါ website မှာ ကြည့်လို့ရပါတယ်။
http://www.britishcouncil.org.mm/…/iel…/dates-fees-locations
IELTS registration လုပ်ချင်ရင် အောက်က link လေးကနေ ကိုယ်ဖြေချင်တဲ့ လမှာကျင်းပတဲ့ test dates လေးတွေမှာ လျှောက်လို့ရသေးရဲ့လားလို့ စစ်နိုင်ပါတယ်။
https://ielts.britishcouncil.org/myanmar…
IELTS registration ကို ကိုယ်ဖြေလိုတဲ့လ မတိုင်မီ
(၁)လ၊ (၂)လလောက် ကြိုတင်လုပ်သင့်ပါတယ်။ တစ်ခါတရံ လူပြည့်သွားရင် လျှောက်လို့မရ ဖြစ်တတ်ပါတယ်။ ဥပမာ အောက်ဖော်ပြပါ ပုံကိုလေ့လာကြည့်ပါ။ အဲဒီ Online Registration System ကို ဒီနေ့ (1st April, 2018) မှာ ဝင်ကြည့်လိုက်တာ (26th April, 2018) ရက်နေ့မှာ ဖြေရမဲ့ စာမေးပွဲအတွက် လျှောက်လို့မရတော့ပါဘူး။ (5th May, 2018)မှာ စစ်မဲ့ စာမေးပွဲအတွက် လျှောက်လွှာလက်ခံနိုင်တဲ့ အတိုင်းအတာကလည်း (37%)ပဲ ကျန်ပါတော့တယ်။ ဒါကြောင့် အနည်းဆုံးတော့ (၁)လလောက်ကြိုပြီး IELTS test registration လုပ်သင့်ပါတယ်။
IELTS test registration လုပ်တဲ့အခါ အထက်ပါ link မှာ ဖော်ပြထားတဲ့ Online Registration System မှာ ကိုယ်ဖြေလိုတဲ့ date မှာ “Apply” ကိုနှိပ်ပြီး Online Form ဖြည့်ရပါတယ်။ Form ကို ပြည့်စုံမှန်ကန်စွာဖြည့်ပြီး၊ တင်ပြီးသွားရင် (၂)ရက်အတွင်း British Council Exam Service Office မှာ စာမေးပွဲကြေး သွားသွင်းရပါတယ်။ (၂) ရက်အတွင်း exam fees မသွင်းရင် ကိုယ်လျှောက်ထားတဲ့ online registration form အကျုံးမဝင်တော့ပါဘူး။
IELTS registration fees သွားသွင်းတဲ့အခါ ကျသင့်တဲ့ fees နှင့်အတူ ကိုယ့်ရဲ့ ပတ်စ်ပို့ (သို့မဟုတ်) နိုင်ငံသားစီစစ်ရေးကဒ် မိတ်တူနှင့် မူရင်း ယူသွားရပါတယ်။
IELTS registration fees သွင်းပြီးတဲ့အခါ Test Taker Area for FREE access to the Road to IELTS Online Preparation Course ကိုဝင်လေ့လာနိုင်ဖို့ Link ပါတဲ့ e-mail ကိုရမှာဖြစ်ပါတယ်။ ဒီအခွင့်အရေးကို ကောင်းကောင်းအသုံးချတတ်ရပါတယ်။ အဲဒီ link ကနေ 30-hour Last-minute Preparation Course ကို Free Access ရပါတယ်။
ထို link ကနေရတဲ့ IELTS test tips တွေနဲ့ Free Practice Materials တွေကို စနစ်တကျ လေ့လာလေ့ကျင့်သင့်ပါတယ်။ ဒီလို လေ့ကျင့်နိုင်မဲ့ link ကို exam fees သွင်းပြီးမှ ရတာဖြစ်လို့ registration fees ကို (၁)လ၊ (၂)လောက်ကြိုသွင်းသင့်ပါတယ်။ ဒါမှ ဒီ Last-minute Preparation Free Access ကို သေသေချာချာ လေ့လာလေ့ကျင့်ချိန်ရမှာ ဖြစ်ပါတယ်။
IELTS result ကတော့ စာမေးပွဲဖြေပြီးတဲ့ရက်မှ (၁၃)ရက်ကြာပြီးတဲ့နောက်နေ့မှာ အများအားဖြင့် result ထွက်ပါတယ်။ Online ကနေ အောက်ဖော်ပြပါ link ကိုဝင်ပြီး စစ်လို့ရပါတယ်။
http://www.britishcouncil.org/burma-exams-ielts.htm
စာမေးပွဲ ရလာဒ်Test Report Form (TRF) ကို result ထွက်တဲ့နေ့မှာ British Council မှာ သွားထုတ်လို့ရပြီ ဖြစ်ပါတယ်။
(IELTS နဲ့ ပတ်သက်လို့ အခြားသိချင်တာများရှိရင် မေးမြန်းနိုင်ပါတယ်။ အလျဉ်းသင့်သလို နောက်ရေးမည့် ပို့စ်များတွင် ဖြေပေးသွားပါမယ်။)
May you hit your targets set..
Best wishes,
Hla Win May Oo @ Wendy
B.S.I Learning Academy
E-2/5၊ ဓမ္မဒါနလမ်း၊ နတ်ချောင်းရပ်၊
တာမွေမြို့နယ်၊ ရန်ကုန်မြို့။
09 25 4278 273, 09 504 3135
info@bsieducation.com
www.bsieducation.com