အပိုင်း (၁)မှာ IELTS အကြောင်းအကျဉ်းနဲ့ လေ့လာလေ့ကျင့်သင့်တဲ့ စာအုပ်လေးတွေဖော်ပြပြီး၊ အပိုင်း (၂)မှာတော့ IELTS ဖြေဆိုနိုင်ဖို့ ဘယ်လောက်ကြာ လေ့လာရမလဲ ဆိုတာနဲ့ ပတ်သက်လို့ ဝေမျှပြီး၊ အပိုင်း (၃)မှာတော့ IELTS test ဖြေဖို့ IELTS Test Registration ဘယ်လိုလုပ်ရမလဲ၊ ဘယ်လို Last-minute Preparation တွေလုပ်သင့်သလဲဆိုတာနဲ့ Test Dates တွေ၊ Result Releasing Dates တွေအကြောင်းပြောပြပြီး အခု အပိုင်း (၄)မှာတော့ အပိုင်း (၁)မှာ ဖော်ပြထားတဲ့ IELTS စာအုပ်တွေလေ့လာလေ့ကျင့်တာ အရမ်းခက်ခဲနေပါတယ် ဆိုသူတွေအတွက် မိမိရဲ့ English Skills’ Level တိုးတက်အောင် ဘယ်လိုစာအုပ်တွေ လေ့လာသင့်ကြောင်း ဖော်ပြမှာဖြစ်ပါတယ်။
အောက်ဖော်ပြပါ စာအုပ်များကို မိမိနဲ့ ကိုက်ညီမည့် Level မှစတင်ကာ အဆင့်ဆင့် စနစ်တကျလေ့လာခြင်းဖြင့် English Skills များတိုးတက်အောင်လုပ်ပါ။
the University of Cambridge ကထုတ်ဝေတဲ့
Interchange Series မှာ
Interchange Intro,
Interchange 1,
Interchange 2 and
Interchange 3 ဆိုပြီး
Level (၄)ခုအတွက် Student Book (၄)အုပ်နဲ့ Workbook (၄)အုပ် ရှိပါတယ်။
the University of Oxford ကထုတ်ဝေတဲ့
New Headway Series မှာတော့
New Headway Beginner,
New Headway Elementary,
New Headway Pre-Intermediate,
New Headway Intermediate,
New Headway Upper-intermediate and
New Headway Advanced ဆိုပြီး
Level (၆)ခုအတွက် Student Book နဲ့ Workbook ပေါင်းပါတဲ့ စာအုပ် (၆)အုပ် ရှိပါတယ်။
(အခြားသော English Course Series များကိုလည်း မိမိအဆင်ပြေသလို လေ့လာပါ။)
Grammar လေ့ကျင့်ခန်းတွေအတွက်
the University of Cambridge ကထုတ်ဝေတဲ့
Essential Grammar in Use (Elementary)
Grammar in Use (Intermediate)
Grammar in Use (Advanced)
စတာတွေ လေ့လာလေ့ကျင့်ဖို့ တိုက်တွန်းလိုပါတယ်။
ဒါအပြင် Vocabulary လေ့ကျင့်ခန်းတွေအတွက်
the University of Cambridge ကထုတ်ဝေတဲ့
Vocabulary in Use (Elementary)
Vocabulary in Use (Pre-Intermediate & Intermediate)
Vocabulary in Use (Upper-Intermediate)
Vocabulary in Use (Advanced)
စတာတွေ လေ့လာလေ့ကျင့်ဖို့ တိုက်တွန်းလိုပါတယ်။
(အထက်ဖော်ပြပါ စာအုပ်များကို အာရုဏ်သစ်စာပေ၊ အင်းဝစာအုပ်တိုက်၊ စာပေလောက စတဲ့ စာအုပ်ဆိုင်များမှာ Audio CDs များနဲ့တကွ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်။)
ကျွန်မ၏ စာသင်နှစ် (၁၂)နှစ် အတွေ့အကြုံအရ အထက်ဖော်ပြပါစာအုပ်များကို လေ့လာလေ့ကျင့်ထားတဲ့ ကျောင်းသူ၊ ကျောင်းသားများအတွက် IELTS ဖြေဆိုဖို့ ပြင်ဆင်ရာမှာဖြစ်စေ၊ အခြား English Skills တွေကိုစစ်တဲ့ စာမေးပွဲတွေ ဖြေဆိုဖို့ပြင်ဆင်ရာမှာ ဖြစ်စေ အများကြီး အထောက်အကူပြုပါတယ်။
Receptive Skills တွေဖြစ်တဲ့ Listening နဲ့ Reading ကို မိမိ၏ နေ့ဓဝူဝဘဝအတွင်းခေါ်သွင်းပြီး နေ့စဉ်နီးပါး ထိတွေ့မှုရှိအောင် ကြားနာ၊ ဖတ်မှတ်နေသင့်ပါတယ်။ English Movies များကြည့်ခြင်း၊ English News များနှင့် English Songs များ နားထောင်ခြင်း၊ အင်္ဂလိပ်လိုရေးထားသည့် ပုံပြင်၊ မဂ္ဂဇင်း၊ ဂျာနယ် စတာတွေ ဖတ်ရူခြင်းဖြင့်လည်း မိမိ၏ English Language Receptive Skills များ တစ်နေ့တစ်ခြား တိုးတက်အောင်လုပ်နိုင်ပါတယ်။
Receptive Skills ရှိမှာသာ Productive Skills တွေဖြစ်တဲ့ Speaking နဲ့ Writing ကို တိုးတက်အောင် ကျင့်ဆောင်နိုင်မှာဖြစ်ပါတယ်။
If you want to speak, just speak.
If you want to write, just write.
To be able to do so,
you must have the right input first.
ဒါကြောင့် IELTS စာအုပ်များကို လေ့လာလေ့ကျင့်ရန် အရမ်းခက်ခဲနေပါက အထက်ဖော်ပြပါစာအုပ်များကို Intermediate Level လောက်ရောက်အောင် လေ့လာလေ့ကျင့်ရင်း မိမိ၏ English Language Receptive & Productive Skills များ တိုးတက်အောင် စနစ်တကျ ဇွဲရှိရှိလေ့လာလေ့ကျင့်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
(IELTS နဲ့ ပတ်သက်လို့ အခြားသိချင်တာများရှိရင် မေးမြန်းနိုင်ပါတယ်။ အလျဉ်းသင့်သလို နောက်ရေးမည့် ပို့စ်များတွင် ဖြေပေးသွားပါမယ်။)
Best wishes,
Hla Win May Oo @ Wendy
B.S.I Learning Academy
E-2/5၊ ဓမ္မဒါနလမ်း၊ နတ်ချောင်းရပ်၊
တာမွေမြို့နယ်၊ ရန်ကုန်မြို့။
09 25 4278 273, 09 504 3135
info@bsieducation.com
www.bsieducation.com