မြန်မာနိုင်ငံမှာ အရင်က IELTS pen-and-paper-based test တွေသာရှိပေမယ့် ယခုအခါမှာတော့ IELTS computer-delivered test တွေ ရှိလာပါပြီ။ တစ်နေ့က British Council Facebook page မှာ တွေ့လိုက်ပါတယ်။ IELTS စာမေးပွဲအပိုင်း (၄) ပိုင်းစလုံးကို computer-delivered test ဖြင့် တစ်ရက်တည်း အပြီးဖြေဆိုနိုင်ပြီဖြစ်ကြောင်း၊ စာမေးပွဲရလဒ်များကိုတော့ ဖြေဆိုပြီး (၅) ရက်မှ (၇) ရက် အတွင်းရရှိမှာဖြစ်ကြောင်းပါ။
IELTS computer-delivered test မေးထားကြတာ ကျွန်မ သိသလောက် ပြောပြပါမယ်။ pen-and-paper based မှာ လိုပဲ Listening, Reading, Writing နှင့် Speaking ကို စစ်ပါတယ်။
…
Listening
Pen-and-paper based test မှာ speakers နဲ့ Listening test ကို ဖွင့်ပေးပြီး ဖြေဆိုသူတွေ စာမေးပွဲ ခန်းမထဲမှာ အတူတကွ နားထောင်ရပေမယ့် computer-delivered test မှာတော့ ဖြေဆိုသူတစ်ဦးချင်းက မိမိ headphones နဲ့နားထောင်ရတာဖြစ်ပါတယ်။ ဒါကြောင့် အချို့ဖြေဆိုသူတွေက headphones နဲ့ နားနားမှာ ကပ်ပြီးနားထောင်ခွင့်ရတော့ ပိုကြားရတယ်လို့ ပြောကြပါတယ်။
ဒါ့အပြင် အသံ အတိုး၊ အလျှော့ ကိုလည်း မိမိတို့ လိုသလို လုပ်လို့ရပါတယ်။ စာလုံး font size တို့၊ font color တို့၊ background color တို့ စသဖြင့်လည်း မိမိနဲ့ အဆင်ပြေအောင် ပြောင်းလို့ရတယ်လို့ သိရပါတယ်။ မိမိအတွက် မသေချာတဲ့ အဖြေတွေကို review လုပ်လို့ရတဲ့ function တို့၊ computer screen ရဲ့ အောက်လေးနားမှာ question number box လေးတွေပါတော့ မိမိလိုသလို click လုပ်လို့ရတဲ့ function တို့၊ မိမိဖြေရမည့် (သို့မဟုတ်) ဖြေလို၊ ဖတ်လိုသည့် မေးခွန်းကို scroll down လုပ်လို့ရတဲ့ function တို့ စသဖြင့်ပါပါတယ်။
Pen-and-paper based test မှာ answer transfer လုပ်ဖို့ (၁၀) မိနစ် အချိန်ပေးမယ့် computer-delivered test မှာ နားထောင်ရင်း တစ်ခါတည်း အဖြေဖြေသွားရတာကြောင့် transfer time သီးသန့်ထပ်ပေးမထားပါဘူး။ Filling in the blank လို မေးခွန်းတွေ ဆိုရင် type လုပ်ရပြီး၊ Matching တွေဆိုရင် drag and drop လုပ်ရပါတယ်။ Multiple choice question ဆိုရင် click နှိပ်ပြီးရွေးရပါတယ်။
Listening test ဖြေဆိုချိန် မိနစ် (၃၀) ဖြစ်ပါတယ်။
…
Reading
Computer screen ပေါ်မှာ reading passage နှင့် question တွေကို တစ်ဝက်ခွဲပြထားပါတယ်။ scroll down လုပ်ပြီး ဖြေရပါတယ်။ pen-and-paper based test မှာလို မျဉ်းသားတာတို့၊ စာလုံးတွေ ဝိုင်းတာတို့ စသဖြင့် လုပ်လို့မရပါ။ ထိုအစား highlight လုပ်လို့ရတဲ့ function ပါပါတယ်။ computer မှာ note ထုတ်လို့ရတဲ့ function လည်းပါပြီး စာရွက်မှာ note ရေးချင်သူတွေအတွက် စာရွက်လည်း ပေးထားတယ်လို့ သိရပါတယ်။ Listening test မှာလို Fill in the blank ဆိုရင် type လုပ်ရပြီး၊ Multiple choice တို့ Finding information in the paragraph တို့နဲ့ Yes/ No question တွေမှာ click နှိပ်ရွေးကာ Heading matching question တွေဆိုရင် drag and drop လုပ်ရပါတယ်။
Reading test (စုစုပေါင်း passage သုံးခု) ဖြေဆိုချိန် မိနစ် (၆၀) ဖြစ်ပါတယ်။
…
Writing
Reading test မှာလို မေးခွန်းနဲ့ အဖြေကို computer screen ယှဉ်ပြထားပါတယ်။ computer မှာ type လုပ်ပြီး ဖြေရပါတယ်။ Writing အတွက် planning တို့၊ brainstorming တို့ လုပ်ဖို့ စာရွက်လည်း ပေးထားပါတယ်။ မိမိရဲ့ အဖြေကိုတော့ စာရွက်မှာ မရေးရဘဲ computer မှာ type လုပ်ရမှာ ဖြစ်ပါတယ်။ Copy and paste တို့၊ cut and paste တို့ လည်း လုပ်လို့ရပါတယ်။ Word count ကိုလည်း ပြထားပါတယ်။ မိမိသုံးနေကျ မိမိရဲ့ personal computer မှာလို spelling auto check လုပ်တဲ့ function တော့ မပါပါဘူး။ (ဒါကြောင့် စာလုံးပေါင်းတွေ မမှားအောင် ချရေးပြီး လေ့ကျင့်တာတို့၊ computer နဲ့ type လုပ်ပြီးကျင့်ရင်လည်း spelling auto correct ကို off ထားတာတို့ လုပ်သင့်ပါတယ်။)
Writing test ဖြေဆိုချိန် မိနစ် (၆၀) ဖြစ်ပါတယ်။
…
Speaking
Pen-and-paper based test မှာလို computer-delivered test မှာလည်း Speaking ကတော့ examiner နဲ့ face-to-face ဖြေရတယ်လို့ သိရပါတယ်။ တစ်ပတ်မှာ တစ်ကြိမ် Wednesday တွေမှာ ဖြေလို့ရကြောင်းလည်း သိရပါတယ်။
Pen-and-paper based test တွေကို MICT park မှာဖြေရတာဖြစ်ပေမယ့် computer-delivered test ကိုတော့ British Council မှာဖြေရတယ်လို့ ပြောပါတယ်။ Pen-and-paper based test result ကို (၁၃) ရက်စောင့်ပြီး computer-delivered test result ကိုတော့ (၅) ရက်ကနေ (၇) ရက်အတွင်း result သိရပါတယ်။
Computer-delivered test မှာ speaking time slot တွေကို online ကနေ register လုပ်ပြီးတဲ့အခါ ရွေးလို့ရတယ်လို့သိရပါတယ်။ Speaking ကိုလည်း တစ်ခြား skills တွေနဲ့ တစ်ရက်တည်း ဖြေရတယ်လို့ ဆိုပါတယ်။ ဖြေဆိုမည့်သူ အနည်းဆုံး (၄) ဦးရှိရင် test ကိုစီစဉ်ပေးလို့ ပြောပါတယ်။
Pen-and-paper based test မှာ တစ်ရက်တည်း အတူဖြေဆိုသူတွေဟာ မေးခွန်းတွေ ထပ်တူဖြစ်ပေမယ့် computer delivered test မှာတော့ ဖြေဆိုသူတစ်ယောက်နဲ့တစ်ယောက် မေးခွန်းတွေ တူချင်မှ တူမှာဖြစ်ပါတယ်။ ကံတရားအတိုင်း မေးခွန်းရမှာပေါ့။ 😉Exam Fees ကတော့ အတူတူပဲလို့ သိရပါတယ်။ ၂၇၀၀၀၀ ကျပ်ပါ။ UKVI ကိုတော့ computer-delivered နဲ့ ဖြေလို့ မရသေးဘူးလို့ ပြောပါတယ်။
Test registration link:
https://www.britishcouncil.org.mm/exam/ielts/book-test
Computer-delivered test video link:
https://takeielts.britishcouncil.org/…/compute…/how-it-works
…
Computer-delivered test ပဲဖြေဖြေ၊ pen-and-paper based test ပဲ ရွေးရွေး စနစ်တကျ လေ့လာလေ့ကျင့်တတ်ဖို့လိုပါတယ်။ အောက်ပါ link မှာ IELTS exam paper လေးတွေ download လုပ်ပြီး လေ့လာလေ့ကျင့်နိုင်ပါတယ်။
သင်တန်းတက်ချင်သူများအတွက် အတန်းချိန်ကို အောက်ပါ link မှာ ကြည့်နိုင်ပါတယ်။
http://bsieducation.com/…/achieve-your-success-through-iel…/
…
IELTS လေ့လာဖြေဆိုမယ်ဆိုရင် အပိုင်း (၁) မှ (၁၀) ကို အောက်ပါ link မှတဆင့် တွေ့နိုင်ပါတယ်။
http://bsieducation.com/…/…/13/ielts-လေ့လာဖြေဆိုမယ်ဆိုရင်-သ/
…
Cambridge Exam Preparation (Starters, Movers, Flyers, KET, PET, FCE, CAE, TKT) သင်တန်းများ၊ IELTS အတန်းများ၊ တစ်ဦးချင်းသီးသန့် သင်ယူလိုသူများအတွက် customized course များဖြင့် individual coaching session များကို B.S.I. Learning Academy က စီစဉ်ပေးပါတယ်။
http://bsieducation.com/…/individual-private-coaching-for-…/
…
SAT နှင့် GED သင်တန်းများ၊ TOEFL, SAT အစရှိသော US exam registration များ၊ အမေရိကန် ကောလိပ်၊ တက္ကသိုလ်တက်ရောက်ရန် ပြင်ဆင် လျှောက်ထားခြင်းများ၊ US visa လျှောက်ထားခြင်းများ စသည်တို့ကို Success Prep Education Centre က စီစဉ်ဆောင်ရွက်ပေးနေပါတယ်။
မိမိတို့လိုရာပန်းတိုင် အရောက်လှမ်းနိုင်ကြပါစေ။
မေတ္တာများစွာဖြင့်
Doctoral Student on DBA program
University of Otago, New Zealand
13 June 2019