ကျွန်တော်/ ကျွန်မက နိုင်ငံခြားမှာ ပညာသင်ယူခွင့်ရနိုင်တဲ့ ပညာသင်ဆု (scholarship) အကြောင်းလေးတွေနဲ့ Blue Sky International Learning Academy မှာ ဖွင့်လှစ် သင်ကြားပေးတဲ့ IELTS online အတန်းတို့၊ individual/ private group coaching အကြောင်းတို့ သိချင်ပါတယ်။
Scholarship Opportunities
US, UK, Australia, New Zealand, Korea, Japan အစရှိတဲ့ နိုင်ငံတွေမှာ Postgraduate Program တက်ရောက်ဖို့ Scholarship လျှောက်လိုသူများအတွက် Links လေးတွေကို အောက်မှာ ဖော်ပြလိုက်ပါတယ်။
အမေရိကန်နိုင်ငံက တက္ကသိုလ်တွေမှာ သွားရောက်ပညာသင်ယူချင်ရင် Fulbright Scholarship နဲ့ Lincoln Scholarship program တွေကို လျှောက်ကြည့်နိုင်ပါတယ်။ လျှောက်ချင်သူတွေ အောက်ပါ link မှာကြည့်ပြီး ပြင်ဆင်ထားနိုင်ပါတယ်။
https://mm.usembassy.gov/education…/scholarship-programs/
https://mm.usembassy.gov/ambassador-announces-lincoln…/
နယူဇီလန်နိုင်ငံမှာ တက္ကသိုလ်တက်ဖို့ Scholarship application တွေကို ဖေဖော်ဝါရီလမှာ စတင်လက်ခံလေ့ရှိပါတယ်။ နောက်နှစ်တွေမှာ လျှောက်ချင်သူတွေ အောက်ပါ link မှာ ကြည့်ပြီး ပြင်ဆင်ထားနိုင်ပါတယ်။
https://www.mfat.govt.nz/…/apply-online-for-a-new…/
UK မှာတက်ဖို့ ရည်ရွယ်သူတွေအတွက် Chevening Scholarship ကို အောက်ပါ link မှာ ကြည့်ပြီး ပြင်ဆင်ထားနိုင်ပါတယ်။
https://www.chevening.org/burma
Australia မှာတက်ချင်သူတွေအနေနဲ့ အောက်ပါ link မှာ ကြည့်ပြီး ပြင်ဆင်ပါ။ Scholarship application က ဖေဖော်ဝါရီလမှာ စလက်ခံလေ့ရှိပါတယ်။
https://dfat.gov.au/…/australia-awards-myanmar…
Korea မှာ တက်ဖို့ ရည်ရွယ်သူတွေအတွက် ကျွန်မတို့ရဲ့ Blue Sky International Learning Academy က Outstanding BlueSkyian တစ်ယောက်ဖြစ်တဲ့ Dr. Aein Mon က သူမရဲ့ အတွေ့အကြုံတွေရေးထားတာလေးကို အောက်ပါ link မှာ လေ့လာပါ။
သူမဟာ မြောင်းမြမြို့ကနေ ရန်ကုန်မြို့မှာရှိ ကျွန်မတို့ရဲ့ Blue Sky International Learning Academy ကို တစ်ပတ်တစ်ခါ (သို့မဟုတ်) နှစ်ပတ်တစ်ခါ IELTS individual coaching လာတက်ခဲ့ပါတယ်။ သူမ လိုအပ်တဲ့ IELTS Score ရပြီး၊ ၂၀၁၉ ခုနှစ်မှာတော့ သူမတက်ချင်နေခဲ့တဲ့ PhD (Dental Sciences: Prosthodontics) ကို ကိုးရီးယားနိုင်ငံက Seoul National University မှာ Scholarship ရရှိပြီး တက်ရောက်နေပြီဖြစ်ပါတယ်။ Big congratulations, dear Aein Mon! Best wishes to you..
Japan မှာ တက်ရောက်ဖို့ ရည်ရွယ်သူများအတွက် Japanese Grant Aid က ပေးတဲ့ Scholarship အကြောင်းကို အောက်ပါ link မှာ လေ့လာနိုင်ပါတယ်။
https://jds-scholarship.org/country/myanmar/apply.html
အခြားသော နိုင်ငံတွေမှာ သွားတက်ရောက်နိုင်ဖို့ Scholarship information တွေကိုတော့ အောက်ပါ website တွေမှာ လေ့လာရှာဖွေနိုင်ပါတယ်။
https://www.scholarshipsupdates.com/chinese-government…/
http://www.collegescholarships.org/scho…/country/burma.htm
http://www.scholars4dev.com/tag/scholarships-for-burmese/
https://www.scholarships.com/…/scholarship-opportunities/
https://www.scholarshipsads.com/students/myanmar/
.
(မှတ်ချက်။ ။”Chevening Scholarship အကြောင်းပြောပြပါ၊ New Zealand Government Scholarship အကြောင်းသိချင်လို့ပါ” စသဖြင့် မေးခြင်း သည်းခံပါ။ မိမိဘာသာ အထက်ပါ link တွေမှာ ဖတ်ရှုလေ့လာပါ။ အင်္ဂလိပ်စာ မကောင်းသေးလို့ website တွေမှာ ရေးထားတာ နားမလည်သေးရင် အင်္ဂလိပ်စာ အရင်လေ့လာလိုက်ပါ။ နားလည်ပါလျက်နဲ့ မရှင်းလင်းတာဆိုရင် ထို website မှာ ပါတဲ့ contact email address ကို ရှာပြီး သက်ဆိုင်ရာကို e-mail ပို့မေးပါ။ မိမိစိတ်ဝင်စားတဲ့ scholarship ရရှိပြီးသူ alumni တွေ လုပ်တဲ့ experience sharing event တွေကို တက်ပါ။ မိမိတို့နှင့် ထိုက်တန်သည့် ပညာသင်ဆုများ ဆွတ်ခူးနိုင်ကြပါစေ.. လို့ ဆုတောင်းပေးလိုက်ပါတယ်။)
…
Achieve your Success through IELTS
နိုင်ငံတကာအဆင့်မီ ပညာရပ်များကို မိမိဘာသာလေ့လာလိုလျှင်ဖြစ်စေ၊ နိုင်ငံခြားတွင် ပညာသင်ယူလိုလျှင်ဖြစ်စေ၊ နိုင်ငံရပ်ခြားတွင် ပြောင်းရွှေ့နေထိုင်လိုလျှင်ဖြစ်စေ၊ မိမိဘဝ တိုးတက်ရန် လိုအပ်သည့် အင်္ဂလိပ်စာ ဘာသာစကားစွမ်းရည် တိုးမြှင့်လိုလျှင်ဖြစ်စေ IELTS ကို လေ့လာထားသင့်ပါတယ်။ အောက်မှာ Blue Sky International Learning Academy မှာ ဖွင့်လှစ်သင်ကြားပေးမယ့် IELTS online အတန်းနဲ့ Individual coaching တွေအကြောင်း လေ့လာနိုင်ပါတယ်။
http://bsieducation.com/…/cambridge-english-classes…/
http://bsieducation.com/…/individual-private-coaching…/
ဖော်ပြပါ IELTS online အတန်းများကို နယူးဇီလန်နိုင်ငံ အိုးတဂိုတက္ကသိုလ်မှာ ပါရဂူဘွဲ့ စာတမ်းရေးသားပြုစုနေသူ၊ သုတေသီလုပ်ခဲ့စဉ်က အင်္ဂလန်နိုင်ငံ၊ အောက်စ်ဖို့ဒ် တက္ကသိုလ်တွင်ပြုလုပ်သော နိုင်ငံတကာသုတေသီများ စာတမ်းဖတ်ပွဲ၊ ဆွေးနွေးပွဲတွင် ဝင်ရောက်ပါဝင် တင်ပြဖို့ ဖိတ်ကြားခံခဲ့ရသူ၊ ရန်ကုန်ပညာရေးတက္ကသိုလ်တက်စဉ် တက္ကသိုလ်ပေါင်းစုံ စာစီစာကုံးပြိုင်ပွဲတွင် မြန်မာတစ်နိုင်ငံလုံးအဆင့် ဒုတိယဆု ဆွတ်ခူးခဲ့သူ၊ အင်္ဂလိပ်စာ၊ ဘာသာစကား သင်ကြားရေး အတွေ့အကြုံ (၁၄) နှစ်ကျော်ရှိသူ ဆရာမ ဒေါ်လှဝင်းမေဦး ကိုယ်တိုင် သင်ကြားပေးမှာဖြစ်ပါတယ်။
.
IELTS နှင့်ပတ်သက်၍ သိသင့်သည်များကို အောက်ပါ link မှာပါတဲ့ link တွေမှာ လေ့လာနိုင်ပါတယ်။
http://bsieducation.com/…/ielts-%E1%80%9C%E1%80%B1%E1…/
.
မိမိတို့ လိုရာပန်းတိုင် အရောက်လှမ်းနိုင်ကြပါစေ..။
မေတ္တာများစွာဖြင့်
၂-၅-၂၀၂၀