Applied English Grammar (age 7 and above)

Elementary (A1/ A2) Age 7 to 12

8:00 pm to 9:30 am (Tuesdays)

90 minutes of lessons plus 90 minutes of homework per week

Fees 237,600 kyats for 12 weeks (12 sessions)

Fees 448,800 kyats for 24 weeks (24 sessions)

Fees 871,200 kyats for 48 weeks (48 sessions)

Plus registration fees 50,000 kyats applies to new students

.

Intermediate (B1/ B2) Teenagers

6:00 pm to 7:30 pm (Fridays)

90 minutes of lessons plus 90 minutes of homework per week

Fees 264,000 kyats per 12 weeks (12 sessions)

Fees 501,600 kyats per 24 weeks (24 sessions)

Fees 963,600 kyats per 48 weeks (48 sessions)

Plus registration fees 50,000 kyats applies to new students

.

Intermediate (B1/ B2) Adults

7:30 pm to 9:00 pm (Mondays)

90 minutes of lessons plus 90 minutes of homework per week

Fees 264,000 kyats per 12 weeks (12 sessions)

Fees 501,600 kyats per 24 weeks (24 sessions)

Fees 963,600 kyats per 48 weeks (48 sessions)

Plus registration fees 50,000 kyats applies to new students

.

Advanced (C1/ C2) Adults

9:00 pm to 10:00 pm (Fridays)

Starting Date – 3rd February 2023

90 minutes of lessons plus 90 minutes of homework per week

Fees 250,000 kyats per 12 weeks (12 sessions)

Fees 450,000 kyats per 24 weeks (24 sessions)

Fees 830,000 kyats per 48 weeks (48 sessions)

Plus registration fees 50,000 kyats applies to new students

.

updated on 1st January 2023

.

We would have separate groups of young and adult learners.

Young Learners – Age 7 to 16

Adult Learners – Age 17 and above

Online class – facilitation & Interaction on Zoom

Class size – Maximum 18

Material fees (hard copies of textbook) not included in the fees mentioned!

Duration depends on your current level of English Grammar skill, your pace of learning and your targeted level.

ဖော်ပြပါ online အတန်းများကို နယူးဇီလန်နိုင်ငံ အိုးတဂိုတက္ကသိုလ်မှာ ပါရဂူဘွဲ့ စာတမ်းရေးသားပြုစုနေသူ၊ သုတေသီလုပ်ခဲ့စဉ်က အင်္ဂလန်နိုင်ငံ၊ အောက်စ်ဖို့ဒ် တက္ကသိုလ်တွင်ပြုလုပ်သော နိုင်ငံတကာသုတေသီများ စာတမ်းဖတ်ပွဲ၊ ဆွေးနွေးပွဲတွင် ဝင်ရောက်ပါဝင် တင်ပြဖို့ ဖိတ်ကြားခံခဲ့ရသူ၊ ရန်ကုန်ပညာရေးတက္ကသိုလ်တက်စဉ် တက္ကသိုလ်ပေါင်းစုံ စာစီစာကုံးပြိုင်ပွဲတွင် မြန်မာတစ်နိုင်ငံလုံးအဆင့် ဒုတိယဆု ဆွတ်ခူးခဲ့သူ၊ အင်္ဂလိပ်စာ၊ ဘာသာစကား သင်ကြားရေး အတွေ့အကြုံ (၁၆) နှစ်ကျော်ရှိသူ ဆရာမ ဒေါ်လှဝင်းမေဦး ဦးစီး၍ စိတ်ရှည် ကြင်နာတတ်သော အရည်အချင်းရှိ ဆရာမများက သင်ကြားပေးမှာ ဖြစ်ပါတယ်။

A placement or English level test can be booked upon the registration (if needed).

For more information, you may each us at 09 787 682 164 (or) 09 254 278 273.

ကျွန်မတို့ရဲ့ Applied English Grammar Course က သင့်အတွက် ဘယ်လိုအကျိုးရှိစေမှာလဲ။

“Grammar” ဆိုတဲ့စကားလုံးကို ကြားလိုက်ရပြီဆိုရင် ပထမဆုံးအမေးခံရတာကတော့ “ဘာသာစကားတစ်ခုကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ဖို့ Grammar သင်ဖို့ တကယ်ကော အရေးကြီးသလား” ဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။

မြန်မာမှာဆိုရင် “သဒ္ဒါမတတ် စာမတတ်” ဆိုတဲ့ စကားတောင်ရှိပါတယ်။ ဘာသာစကားတစ်ခုဟာ စကားလုံးပေါင်းများစွာနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ဒီစကားလုံးတွေကို စုပေါင်းပြီး အဓိပ္ပာယ်ပြည့်ဝတဲ့စာကြောင်းတစ်ခု၊ စကားတစ်ခွန်းထွက်လာဖို့အတွက် ယင်းဘာသာစကားရဲ့ အခြေခံသဒ္ဒါကို သိဖို့ လိုအပ်ပါတယ်။

သဘောကျမိတဲ့ ဥပမာလေးတစ်ခုကတော့ အိမ်တစ်အိမ်ကို ဆောက်တဲ့အခါ သစ်သားတွေချည်းရှိနေရုံနဲ့ မလုံလောက်ပါဘူး။ ဒီသစ်သားတွေကို အိမ်ဖြစ်လာအောင် ပုံဖော်ဖို့ သံ‌​တွေနဲ့ ရိုက်ရပါသေးတယ်။ Grammar ဆိုတာဟာလည်း ဒီသဘောပါပဲ။ မိမိတို့ ရေးလိုတဲ့စာကြောင်း၊ ပြောလိုတဲ့စကားတစ်ခွန်း စနစ်ကျမှန်ကန်စေဖို့ “သံ” နဲ့တူတဲ့ Grammar က မိမိလိုချင်တဲ့ ပုံဖော်မှု (ဝါ) အဓိပ္ပာယ်သက်ရောက်အောင်မှုရှိအောင် ထောက်ကူပေးမှာ ဖြစ်ပါတယ်။

Grammar ဟာ အရေးကြီးတယ်လို့ နားလည်သွားရုံနဲ့လည်း မလုံလောက်သေးပါဘူး။ Grammar တကယ်တတ်အောင်၊ စာတကယ်တတ်အောင် ဘယ်လိုသင်ယူရမလဲဆိုတာကလည်း အရေးကြီးပြန်ပါတယ်။ Grammar လို့ပြောလိုက်ရင် ပြေးမြင်မိတာကတော့ ငယ်ငယ်ကဖြေခဲ့ရတဲ့ Grammar Exercises တွေ ဖြစ်ကောင်းဖြစ်မယ်။ အဲဒီလိုလေ့ကျင့်ခန်းတွေလုပ်တာဟာ အသုံးမဝင်ဘူးရယ်လို့လည်း မဆိုလိုပါဘူး။ သို့သော် ဒါဟာပထမအဆင့်ပဲရှိသေးတယ်လို့ မိမိကသိရပါမယ်။

Grammar စည်းမျဉ်းစည်းကမ်းကိုသိပြီး အဖြေမှန်ကို သိသွားခြင်းက “သိ” တဲ့အဆင့်ပဲရှိပါသေးတယ်။ တကယ်”တတ်” သွားအောင်က မိမိကိုယ်တိုင် သုံးတတ်ရပါမယ်။ မိမိလေ့လာသိရှိလာတဲ့ Grammar နဲ့ ပတ်သက်တဲ့ ဗဟုသုတ “အသိ”ကို သုံးပြီးကိုယ်တိုင် မှန်မှန်ကန်ကန် ပြောနိုင်၊ ရေးနိုင်မှသာ တကယ်စာတတ်ပြီလို့ ယူဆရပါတယ်။

ဒါကြောင့်မို့လို့ ကျွန်မတို့ရဲ့ “Applied Grammar Course” ရယ်လို့ ဖြစ်လာရပါတယ်။.IELTS Writing တွေမှာ အတွေးအခေါ်၊ တင်ပြပုံ စကားလုံးအသုံးအနှုန်းတွေ ကောင်းနေပေမယ့်လည်း Grammar အမှားတွေများလွန်းနေတဲ့အခါ ရသင့်တဲ့အမှတ် ကောင်းကောင်းရဖို့ မလွယ်ကူပါ။ IELTS Speaking နဲ့ Writing မှာဆိုရင် Grammatical Range and Accuracy က အမှတ်ရဲ့လေးပုံတစ်ပုံကို ရစေပါတယ်။ Advanced Grammatical Structures တွေကို သုံးတတ်တဲ့ သူတွေကအမှတ်များများရသလို၊ Grammatical errors များတဲ့သူဟာလည်း အမှတ်အများကြီးလျော့တတ်ပါတယ်။

တစ်ခါတစ်ရံ မိမိတို့အနေနဲ့ Grammar rule တွေကို သိတော့သိပေမယ့် တကယ်သုံးဖို့လိုတဲ့အခါ မှန်မှန်ကန်ကန် ထွက်မလာတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒါဟာ “သိရုံ” သို့မဟုတ် လေ့ကျင့်ခန်းတွေမှာ အဖြေမှန်ရုံအဆင့်လို့ သတ်မှတ်လို့ရပါတယ်။ ကိုယ်တိုင် မှန်မှန်ကန်ကန် “အသုံးချ” တတ်တဲ့အဆင့်ရောက်အောင် စနစ်တကျ လေ့လာလေ့ကျင့်ဖို့ လိုအပ်သေးတာ ဖြစ်နိုင်ပါတယ်။Grammar ဟာ IELTS လို အရေးကြီးတဲ့ စာမေးပွဲတွေမှာတင် မဟုတ်ဘဲ အလုပ်လျှောက်တဲ့အခါ၊ လူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာလည်း အလွန်အရေးကြီးပါတယ်။

မိမိဟာ ဘာသာစကားတစ်ခုကို ကောင်းကောင်းမွန်မွန် တတ်မြောက်တဲ့သူဆိုရင် Grammar အမှားတွေအများကြီးနဲ့ ကိုယ့်ကို စကားလာပြောတဲ့လူကို အထင်ကြီးမိမှာ မဟုတ်ပါဘူး။ အလားတူပဲ အလုပ်နဲ့ပတ်သက်တဲ့စာတွေရေးတဲ့အခါ၊ scholarship လျှောက်ဖို့ essay တွေရေးရတဲ့အခါ မိမိရဲ့အရေးအသားမှာ အမှားတွေ ဝေဆာနေရင် ရွေးချယ်တဲ့သူတွေက မိမိအပေါ်အထင်ကြီး‌မှာ မဟုတ်ပါဘူး။

စကားပြောဆိုရာမှာလည်း Grammar ကောင်းကောင်းသုံးတတ်ခြင်းက Fluency မှာ လွှမ်းမိုးမှုရှိပါတယ်။ စကားလုံးတွေ အစီအစဉ်မကျ၊ တောင်ရောက်မြောက်ရောက် မဖြစ်စေဖို့ရာ၊ communication breakdown တွေ မဖြစ်စေဖို့ရာ Grammar ကောင်းကောင်း “သိ”ဖို့၊ မှန်မှန်ကန်ကန် “အသုံးချ” တတ်ဖို့ အလွန်အရေးကြီးလှပါတယ်။. ကျွန်မတို့ရဲ့ Applied Grammar Course မှာဆိုရင် သိသင့်သိထိုက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ကြားဖူးသွားရုံ၊ လေ့ကျင့်ခန်းတွေမှာ အဖြေမှန်ရသွားရုံတင်မဟုတ်ဘဲ ကိုယ်တိုင်ရေးတဲ့၊ ပြောတဲ့အခါ မှန်မှန်ကန်ကန်သုံးတတ်စေဖို့ရာ အဓိကရည်ရွယ်ပြီး သင်လိုက်တဲ့ Grammar “အသိ” ကို လက်တွေ့ “အသုံးချ” နိုင်အောင်အထိ လေ့ကျင့်ပေးမှာ ဖြစ်ပါတယ်။

ဖော်ပြပါ online အတန်းများကို နယူးဇီလန်နိုင်ငံ အိုးတဂိုတက္ကသိုလ်မှာ ပါရဂူဘွဲ့ စာတမ်းရေးသားပြုစုနေသူ၊ သုတေသီလုပ်ခဲ့စဉ်က အင်္ဂလန်နိုင်ငံ၊ အောက်စ်ဖို့ဒ် တက္ကသိုလ်တွင်ပြုလုပ်သော နိုင်ငံတကာသုတေသီများ စာတမ်းဖတ်ပွဲ၊ ဆွေးနွေးပွဲတွင် ဝင်ရောက်ပါဝင် တင်ပြဖို့ ဖိတ်ကြားခံခဲ့ရသူ၊ ရန်ကုန်ပညာရေးတက္ကသိုလ်တက်စဉ် တက္ကသိုလ်ပေါင်းစုံ စာစီစာကုံးပြိုင်ပွဲတွင် မြန်မာတစ်နိုင်ငံလုံးအဆင့် ဒုတိယဆု ဆွတ်ခူးခဲ့သူ၊ အင်္ဂလိပ်စာ၊ ဘာသာစကား သင်ကြားရေး အတွေ့အကြုံ (၂၂) နှစ်ကျော်ရှိသူ ဆရာမ ဒေါ်လှဝင်းမေဦး ဦးစီး၍ စိတ်ရှည် ကြင်နာတတ်သော အရည်အချင်းရှိ ဆရာမများက သင်ကြားပေးမှာ ဖြစ်ပါတယ်။

.

Our online classes and individual coaching sessions are conducted by Teacher Wendy @ Hla Win May Oo, along with a group of well-trained and well-qualified teaching associates.

Lead Teacher/ Teacher Trainer: Ms Hla Win May Oo @ Tr. Wendy

The founder of B.S.I. Learning Academy, Ms Hla Win May Oo @  Tr. Wendy, is in pursuit of her doctorate through the University of Otago, New Zealand. Being a graduate of BEd, MPA, and MA in Teaching of English as a Foreign Language, she is a well-trained and well-experienced ESL Teacher, Teacher Trainer, Success Coach & Mentor, and Business & Education Consultant. She has also worked as a Social Enterprise Consultant and “Education for Entrepreneurs” Trainer with the British Council, Myanmar, and a Lecturer for the MBA program at Temasek International College, and a Research Associate with the University of Amsterdam, the Netherlands. She is passionate about teaching, training, researching, consulting and coaching.

Blue Sky International Learning Academy

232, Orchid Condominium, Unit 198 & 202

Ahlone Street, Ahlone Township, Yangon, Myanmar 11121

09 254 278 273

09 787 682 164

09 959 723 808

www.bsieducation.com

#BSI #Supporting_Dreams

CEFR level အကြောင်းကို အောက်ပါလင့်ခ်မှာ အသေးစိတ် ဖတ်ကြည့်နိုင်ပါတယ်။ မိမိရဲ့ Level ကိုလည်း link မှာပါတဲ့ test များဖြေဆိုကြည့်ပြီး အကြမ်းဖျင်း ခန့်မှန်းနိုင်ပါတယ်။

https://www.cambridgeenglish.org/test-your…/general-english/

https://www.cambridgeenglish.org/test-your-eng…/for-schools/

https://www.examenglish.com/CEFR/cefr.php

အထက်ပါလင့်ခ်တွေမှာ Reading, Speaking & Writing တွေ သီးသန့်စစ်ပေးတာ မပါတဲ့အတွက် ကျွန်မတို့ရဲ့ Blue Sky International Learning Academy က registration လုပ်ပြီးတာနဲ့ တစ်ဦးချင်စီ 4 skills လုံး သေချာစစ်ပေးပါတယ်။

.

English language levels description:

English Basic User (A1, A2)
* A1 (Beginner)
* A2 (Elementary English)

English Independent User (B1, B2)
* B1 (Intermediate English)
* B2 (Upper-Intermediate English)

Proficient English User (C1, C2)
* C1 (Advanced English)
* C2 (Proficiency English)

.

 Level တစ်ခုကို ကျွမ်းကျွမ်းကျင်ကျင် တက်မြောက်ဖို့ အချိန်ဘယ်လောက်ကြာမယ် ဆိုတာ သင်ယူသူရဲ့ အင်္ဂလိပ်စာ၊ ဘာသာစကားကို သင်ယူရာမှာ လက်ခံနိုင်စွမ်း၊ လေ့လာလေ့ကျင့်နိုင်စွမ်း၊ နဂိုတတ်မြောက်ပြီးသော အဆင့် စသဖြင့် စသဖြင့် ပေါ်မှာမူတည်ပါတယ်။

 Level တစ်ခုကို (၃) လနဲ့ ပြီးသွားသူ အနည်းငယ်ရှိသလို၊ (၆) လလောက် လုပ်မှ အဆင်ပြေသွားတာမျိုးလည်း ရှိပါတယ်။ အများစုကတော့ (၁) နှစ်ယောက်လုပ်မှ ကျေကျေညက်ညက်ရသွားကြပါတယ်။

2 Comments:

  1. I am interested in B2course, when is the nearest date to be started?

    • First English | CEFR level B2 | online class

      Section A – 9:00 am to 10:30 am (Sat & Sun)

      Starting Dates – 10h October, 14th November & 19th December 2021

      Section B – 7:00 pm to 8:30 pm (Wed & Fri)

      Starting Dates – 6th October, 10th November & 15th December 2021

      Section C – 5:00 pm to 6:30 pm (Tue & Thu)

      Starting Dates – 19th October, 23rd November & 28th December 2021

      Tuition Fees: 250,000 kyats for 10 weeks (20 sessions; 30 hours in total)

      Tuition Fees: 470,000 kyats for 20 weeks (40 sessions; 60 hours in total)

      Tuition Fees: 700,000 kyats for 30 weeks (60 sessions; 90 hours in total)

      Plus registration fees 40,000 kyats applies to new students.

      .
      Please feel free to reach us at (95) 9254 278 273 if you need more information. Cheers!

Leave a Reply

Your email address will not be published. Required fields are marked *