Welcome to B.S.I ….

မင်္ဂလာပါရှင်…. B.S.I Learning Academy မှ ပျူငှာစွာ ကြိုဆိုပါတယ်။ ၂၀၁၈-၁၉ စာသင်နှစ်က စပြီး အစိုးရကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအတွက် အင်္ဂလိပ်စာကသီးသန့် သင်တန်းများကို စတင်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ Cambridge TKT ပြင်ဆင်မှု တန်းခွဲများနဲ့ ဆရာ၊ဆရာမ မွမ်းမံသင်တန်းများကိုတော့ တစ်နှစ်ပတ်လုံး ဖွင့်လှစ် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ အောင်မြင်မှုအခြေပြုသင်တန်းများနဲ့ ဘဝအောင်မြင်ရေး ကိုယ်ရည်ကိုယ်သွေး ပြုစုပျိုးထောင်မှု သင်တန်းများကိုလည်း မကြာခင်မှာ မိတ်ဆက်ဖွင့်လှစ်သွားပါဦးမယ်။ B.S.I Learning Academy ရဲ့ အဓိက ရပ်တည်ချက်ကတော့ မိမိနေထိုင်ရာ ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့ နိုင်ငံတော်ကို မိမိတတ်မြောက်ထားတဲ့ ပညာရေးနဲ့ အလုပ်အကျွေးပြုနိုင်ရေးပဲ ဖြစ်ပါတယ်။ အဓိက ဦးတည်ချက်အနေနဲ့ကတော့ သင်တန်းသူ၊ သင်တန်းသားများ အနေနဲ့ မိမိတို့ရဲ့ တိမ်မြုပ်နေတဲ့ စွမ်းရည်များကို မိမိအတွက်သာမကဘဲ တစ်ခြားသူများအတွက်ပါ ဖော်ထုတ်အသုံးချနိုင်စေရေးပဲ ဖြစ်ပါတယ်။…