Communicative English တန်းခွဲကို တက်ရောက်သင့်သူများကတော့
- အင်္ဂလိပ်စာကို အသုံးပြုပြီး နေ့တဓူဝ ပြောဆိုဆက်ဆံနေရသူများ
- နိုင်ငံခြား ကော်ပိုရေးရှင်းကြီးများမှာ လုပ်ကိုင်လိုတဲ့ လူငယ်လူရွယ်များ
- နိုင်ငံရပ်ခြားကို အကြောင်းအမျိုးမျိုးကြောင့် သွားလာနေထိုင်ရမည့်သူများ
- Listening and Speaking Skills ကို အထူးပြု လေ့လာလိုက်စားလိုသူများ စသည်တို့ပဲ ဖြစ်ပါတယ်။
သင်ကြားပေးမယ့် အကြောင်းအရာများကတော့ မိမိတို့ရဲ့ ပတ်ဝန်းကျင်မှာ တွေ့ဆုံကြုံကြိုက်နေရတဲ့ ကိစ္စရပ်များကို အင်္ဂလိပ်ဘာသာဖြင့် အဆင့်မီမီပြောဆိုဆက်ဆံစေနိုင်ဖို့ လက်တွေ့အသုံးဝင်တဲ့ Situational Dialogue များ၊ Vocabulary တိုးပွားစေဖို့ လေ့လာဖတ်ရှုသင့်တဲ့ သတင်းစာစောင်များ၊ Presentation Skill ကျွမ်းကျင်တတ်မြောက်စေရန်နှင့် Stage-Fright မဖြစ်စေရန် ပရိသတ်ရှေ့ထွက်ပြီး အင်္ဂလိပ်ဘာသာဖြင့် ပြောဆိုတင်ဆက်ပုံများ စသည်တို့ကို သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။